Snipe-IT Assets Management Setup on Linux


အခုပြောပြမယ့်အကြောင်းအရာကတော့ Open-Source IT Assets Management တွေထဲက တစ်ခုဖြစ်တဲ့ Snipe-IT Assets Management အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ ဒီ Software ကိုဘယ်လိုနေရာမျိုးတွေမှာ အသုံးပြုသင့်လဲ ဆိုလဲ ကျွန်တော်တို့ရဲ့ Physical Location က IT Assets တွေကို Inventory သွင်းပြီး အလွယ်တကူ Assigned လုပ်နိုင်မှာဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ IT Assets တွေဘယ်လောက်ရှိတယ်၊ ဘယ်ဟာကိုတော့ဘယ် နေရာမှာ ဘယ်သူကိုပေးထားတယ် စသဖြင့် ဒီ Software ထဲမှာပဲ အကုန်မှတ်သားထားနိုင်မည်ဖြစ်ပါတယ်။ ပုံမှန် Computer အလုံး ၄၀ , ၅၀ လောက်ကကိစ္စမရှိပေမယ့် ရာနဲ့ချီတယ့် Computer တွေရဲ့ Specification တွေ ၊ Network Device, Printer စတယ့် Assets တွေရဲ့ Physical Location နဲ့ Serial Number တွေ ဘယ် Device ကတော့ဘယ်အချိန် ဘယ် Supplier ဆီကဝယ်ထားပြီး Warranty ကဘယ်လောက်ကျန်တယ် စတာ တွေကို မှတ်ဖို့ အတွက်က System တစ်ခုမရှိရင် သေချာမှတ်သားထားဖို့က အဆင်မပြေပါဘူး။ ဒါ့ကြောင့် မလို့ Business ကြီးပြီး IT Device တွေများစွာရှိတဲ့နေရာတွေမှာဆိုရင် IT Assets Management System တွေကို သုံးသင့်ပါတယ်။ ဒီလောက်ဆိုရင်တော့ IT Asset System အကြောင်းကို နည်းနည်းလောက်သဘောပေါက်နား လည်မယ် လို့မျှော်လင့်ပါ တယ်။

Snipe-IT Asset Management - Day 1
Snipe-IT Asset Management - Day 2
Snipe-IT Asset Management - Day 3
Snipe-IT Run on Docker - Bonus Lesson

Last updated

Was this helpful?